Ezra 2
2:1 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊
2:2 ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့် အတူလိုက်လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား၊
2:3 ပါရုတ်အမျိုးသား နှစ်ထောင်တစ်ရာ ခုနစ်ဆယ်နှစ်ယောက်၊
2:4 ရှေဖတိအမျိုးသား သုံးရာခုနစ်ဆယ်နှစ်ယောက်၊
2:5 အာရာအမျိုးသား ခုနစ်ရာခုနစ်ဆယ်ငါးယောက်၊
2:6 ပါဟတ်မောဘအမျိုး၊ ယောရှုယွာဘအမျိုးသား နှစ်ထောင်ရှစ်ရာ တစ်ဆယ်နှစ်ယောက်၊
2:7 ဧလံအမျိုးသား တစ်ထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
2:8 ဇတ္တုအမျိုးသား ကိုးရာလေးဆယ်ငါးယောက်၊
2:9 ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ်၊
2:10 ဗာနိအမျိုးသား ခြောက်ရာလေးဆယ်နှစ်ယောက်၊
2:11 ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံးယောက်၊
2:12 အာဇဂဒ်အမျိုးသား တစ်ထောင်နှစ်ရာ နှစ်ဆယ်နှစ်ယောက်၊
2:13 အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခြောက်ယောက်၊
2:14 ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ်ခြောက်ယောက်၊
2:15 အာဒိန်အမျိုးသား လေးရာငါးဆယ်လေးယောက်၊
2:16 ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ်ယောက်၊
2:17 ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ်သုံးယောက်၊
2:18 ယောရအမျိုးသား တစ်ရာတစ်ဆယ်နှစ်ယောက်၊
2:19 ဟာရှုံအမျိုးသား နှစ်ရာနှစ်ဆယ်သုံးယောက်၊
2:20 ဂိဗ္ဗာအမျိုးသား ကိုးဆယ်ငါးယောက်၊
2:21 ဗက်လင်မြို့သား တစ်ရာနှစ်ဆယ်သုံးယောက်၊
2:22 နေတောဖမြို့သား ငါးဆယ်ခြောက်ယောက်၊
2:23 အာနသုတ်မြို့သား တစ်ရာနှစ်ဆယ်ရှစ်ယောက်၊
2:24 အာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက်၊
2:25 ကိရယသာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာလေးဆယ်သုံးယောက်၊
2:26 ရာမမြို့၊ ဂါဘမြို့သား ခြောက်ရာနှစ်ဆယ်တစ်ယောက်၊
2:27 မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ်နှစ်ယောက်၊
2:28 ဗေသလမြို့၊ အာဣမြို့သား နှစ်ရာနှစ်ဆယ်သုံးယောက်၊
2:29 နေဗောမြို့သား ငါးဆယ်နှစ်ယောက်၊
2:30 မာဂဗိတ်မြို့သား တစ်ရာငါးဆယ်ခြောက်ယောက်၊
2:31 အခြားသော ဧလံမြို့သား တစ်ထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
2:32 ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊
2:33 လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ရာနှစ်ဆယ်ငါးယောက်၊
2:34 ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက်၊
2:35 သေနာမြို့သား သုံးထောင်ခြောက်ရာ သုံးဆယ်တည်း။
2:36 ယဇ်ပုရောဟိတ်စာရင်း ဟူမူကား၊ ယောရှုအမျိုးထဲက၊ ယေဒါယအမျိုးသား ကိုးရာခုနစ်ဆယ်သုံးယောက်၊
2:37 ဣမေရအမျိုးသား တစ်ထောင်ငါးဆယ်နှစ်ယောက်၊
2:38 ပါရှုရအမျိုးသား တစ်ထောင်နှစ်ရာ လေးဆယ်ခုနစ်ယောက်၊
2:39 ဟာရိမ်အမျိုးသား တစ်ထောင်တစ်ဆယ်ခုနစ်ယောက်တည်း။
2:40 လေဝိသားစာရင်း ဟူမူကား၊ ဟောဒဝိအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေးယောက်၊
2:41 သီချင်းသည် အာသပ်အမျိုးသား တစ်ရာနှစ်ဆယ်ရှစ်ယောက်၊
2:42 တံခါးစောင့်အမျိုးသားတည်းဟူသော ရှလ္လုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တစ်ရာသုံးဆယ်ကိုးယောက်တည်း။
2:43 ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖအမျိုးသား၊ တဗ္ဗောက်အမျိုးသား၊
2:44 ကေရုတ်အမျိုးသား၊ သာယာဟအမျိုးသား၊ ပါဒုန်အမျိုးသား၊
2:45 လေဗနအမျိုးသား၊ ဟာဂဘအမျိုးသား၊ အက္ကုပ်အမျိုးသား၊
2:46 ဟာဂပ်အမျိုးသား၊ ရှာလမဲအမျိုးသား၊ ဟာနန် အမျိုးသား၊
2:47 ဂိဒ္ဒေလအမျိုးသား၊ ဂါဟာအမျိုးသား၊ ရာယအမျိုးသား၊
2:48 ရေဇိန်အမျိုးသား၊ နေကောဒအမျိုးသား၊ ဂဇ္ဇမ်အမျိုးသား၊
2:49 ဩဇအမျိုးသား၊ ပါသာအမျိုးသား၊ ဗေသဲအမျိုးသား၊
2:50 အာသနာအမျိုးသား၊ မဟုနိမ်အမျိုးသား၊ နဖုသိမ်အမျိုးသား၊
2:51 ဗာကဗုတ်အမျိုးသား၊ ဟကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊
2:52 ဗာဇလုပ်အမျိုးသား၊ မဟိဒအမျိုးသား၊ ဟရရှအမျိုးသား၊
2:53 ဗာကုတ်အမျိုးသား၊ သိသရအမျိုးသား၊ သာမအမျိုးသား၊
2:54 နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။
2:55 ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရုဒအမျိုးသား၊
2:56 ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊
2:57 ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမိအမျိုးသားတည်း။
2:58 ဘုရားကျွန်နှင့် ရှောလမုန်ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။
2:59 ထိုမှတစ်ပါး၊ ဣသရေလအမျိုး မှန်သည်၊ မမှန်သည်ကိုလည်းကောင်း၊ မိမိတို့ အဆွေအမျိုးကိုလည်းကောင်း၊ မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူဟူမူကား၊
2:60 ဒေလာယအမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသားပေါင်း ခြောက်ရာငါးဆယ်နှစ်ယောက်တည်း။
2:61 ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား ဗာဇိလဲသမီးတစ်ယောက်နှင့် စုံဖက်၍၊ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည်၊
2:62 စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကို ရှာ၍မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာကို မခံရကြ။
2:63 ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ် မပေါ်မီတိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
2:64 ပရိသတ်ပေါင်းကား လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
2:65 ထိုမှတစ်ပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာ သုံးဆယ်ခုနစ်ယောက်၊ သီးချင်းသည် ယောက်ျားမိန်းမပေါင်း နှစ်ရာ၊
2:66 မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး၊
2:67 ကုလားအုတ်ပေါင်း လေးရာသုံးဆယ်ငါးစီး၊ မြည်းပေါင်း ခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။
2:68 အဆွေအမျိုးသူကြီး အချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော်ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှာ၊
2:69 တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍၊ ရွှေဒင်္ဂါး ခြောက်သောင်းတစ်ထောင်၊ ငွေအခွက် ငါးသောင်း၊ ယဇ်ပုရောဟိတ်အဝတ် အစုံတစ်ရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။
2:70 ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သာမညလူအချို့၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည် မိမိတို့နေရာ မြို့ရွာတို့၌လည်းကောင်း၊ ဣသရေလ ပြည်သူပြည်သား အပေါင်းတို့သည် မိမိတို့နေရာ မြို့ရွာတို့၌လည်းကောင်း နေရာကျကြ၏။